ဒီတခါတော့ ကိုလာဂျင်နှင့်ပတ်သက်တာလေးမျှဝေပေးချင်ပါတယ်
What is Collagen??
Collagen (ကိုလာဂျင်)ဆိုတာ…
ကိုလာဂျင်ဆိုတာအသားရေအတွက်၊ခန္ဓာကိုယ်အတွက်ကောင်းတယ်ဆိုတာသိထားကြပေမဲ့ ကိုလာဂျင်ဘယ်လိုအလုပ်လုပ်တယ်၊ဘယ်လိုဓါတ်သတ္တိမျိုးလဲဆိုတာသေချာမသိပဲ သုံးနေကြတဲ့လူတွေလည်းများမယ်ထင်ပါတယ်
ကိုလာဂျင်ရဲ့ထူးခြားချက်၊အလုပ်လုပ်ပုံကိုသိထားရင်ပိုပြီးအကျိုးရှိရှိသုံးစွဲလို့ရတာပေါ့နော်..
ဒါကြောင့်… ကိုလာဂျင်နှင့်ပတ်သက်တဲ့အခြေခံလေးတွေကို သိရအောင်မျှဝေပေးခြင်းပါ
Okay! Let`s get start!!
တကယ်တော့ ကိုလာဂျင်ဆိုတာပရိုတိန်းဓါတ်တမျိုးပါ…ပရိုတိန်းဆိုတာကတော့ ကာဘိုဟိုက်ဒရိုက်ဓါတ်၊အဆီဓါတ်တို့လိုမျိုး ခန္ဓာကိုယ်အတွက် အရေးကြီးဆုံးဓါတ်သုံးမျိုးထဲက တမျိုးဖြစ်ပါတယ်..
လူ့ခန္ဓာကိုယ်ထဲမှာရှိတဲ့ ပရိုတိန်းရဲ့ 30%လောက်က ကိုလာဂျင်ဖြစ်ပါတယ်..
ကိုလာဂျင်ဆိုတာနှင့်ကျမတို့တွေပြေးမြင်မိကြမှာက ကျမတို့မျက်နှာအသားအရည်လို့ထင်ပါတယ်…တကယ်တော့ ခန္ဓာကိုယ်အသားရည်(အရေခွံ)အားလုံးရဲ့ 70%နကကိုလာဂျင်နှင့်ဖွဲ့စည်းထားခြင်းဖြစ်ပါတယ်…ထပ်ရှင်းမယ်နော်…
အရေခွံရဲ့ကိုလာဂျင်မော်လီကျူးလေးတွေနှင့်အမိုင်နိုအက်ဆစ်ကပေါင်းစည်းပြီးဖြစ်ပေါ်လာတဲ့ကွင်းလေးတွေကသုံးကွင်းထပ်ပြီးတော့ အသားရေတင်းရင်းပြီးစိုပြေမှုကိုပေးထားခြင်းဖြစ်ပါတယ်…
ကိုလာဂျင်ဆိုတာခန္ဓာကိုယ်ရဲ့နေရာအနှံ့မှာရှိပါတယ်
အရိုးနှင့်သွေးကြောတွေဟာလည်းကိုလာဂျင်အများကြီးနှင့်ဖွဲ့စည်းထားတာပါ…
ဥပမာ…ကိုယ်အလေးချိန် 53Kgရှိတဲ့ ပုံမှန်အမျိုးသမီးတယောက်ဆိုရင် ခန္ဓာကိုယ်ထဲရှိတဲ့ကိုလာဂျင်က 3Kg ဝန်းကျင်ရှိပါတယ်…ဒါဟာရေ ၁လီတာပုလင်း ၃ပုလင်းနှင့်ညီမျှပါတယ်…
အသက်ကြီးသူတွေအဖြစ်များတဲ့ အရိုးပွရောဂါဆိုတာလည်း ကယ်လစီယမ်ဓါတ်တမျိုးတည်းမလုံလောက်လို့ဖြစ်တာမဟုတ်ပဲ ကိုယ်ထဲရှိတဲ့ကိုလာဂျင်ပမာဏလျှော့ကျသွားတာကလည်းဆက်စပ်နေပါတယ်…
နောက်ပြီးတော့ကိုလာဂျင်ဟာ အရိုးရဲ့ကြွတ်ဆတ်မှုကိုထိန်းထားပေးတဲ့အတွက် အရိုးကျိုးလွယ်ခြင်းကိုလည်းကာကွယ်ပေးပါတယ်…
ဒါကြောင့်ကိုလာဂျင်ဆိုတာ အသားရေစိုပြေလှပမှုတခုတည်းအတွက်မဟုတ်ပဲခန္ဓာကိုယ်နေရာတိုင်းအတွက်ပြည့်ဝဖို့လိုအပ်ပါတယ်…
ခန္ဓာကိုယ်ထဲမှာကိုလာဂျင်အမျိုးပေါင်း ၂၉မျိုးရှိပြီး အဲဒီထဲကမှ ၉မျိုးကအသားရေထဲမှာပါဝင်နေတာပါ…အဲဒီ ၉မျိုးထဲကမှ ၃မျိုးဖြစ်တဲ့
Ⅰ အမျိုးအစား
Ⅳအမျိုးအစား
Ⅶအမျိုးအစား ကိုလာဂျင်ကမှ အသားရေတင်းရင်းစိုပြေမှုအတွက်အရေးကြီဆုံးဖြစ်ပါတယ်…
ကိုလာဂျင်ဟာ အသက်ကြီ:လာတာနှင့်အမျှဆုတ်လျှော့သွားပြီး၊ခန္ဓာကိုယ်ထဲမှာအဟာရကနေသဘာဝအတိုင်ထုတ်လုပ်မှုဟာလည်းလျှော့ကျသွားပါတယ်…
ကိုလာဂျင်လျှော့နည်းလာလျှင် အသားရေ အရေးအကြောင်းတွေများလာပြီး လျှော့တွဲကျလာမှုတွေများလာပါတယ်…အိုမင်းရင့်ရော်မှုဇရာလည်းစောစောစီးစီးရောက်လာမှာပါ…
ကိုလာဂျင်ကိုခန္ဓာကိုယ်ထဲမှာထုတ်လုပ်မှုအတွက် အရေးပါတာကတော့ ဘီတာမင်စီဖြစ်ပါတယ်…
ကိုလာဂျင်ဟာတနေ့ကို ၅ဂရမ်ဆိုလုံလောက်စေပါတယ်၊ဒါဟာနေ့စဉ်အစားအသောက်တွေမှာ ဆိုရင်တော့ အမဲသားအရွတ် ၁၀၀ ဂရမ်၊ကြက်တောင်ပံ ၃၃၅ဂရမ်၊ ငါ:ဆိုရင် ၅၀၀ဂရမ်လောက်စားသုံးပေးရမှာဖြစ်ပါတယ်….ဒါတွေကိုစားဖို့က တကယ်တော့မလွယ်ပါဘူး…
ဒါကြောင့် ဖြည့်စွက်အာဟာရဖြစ်တဲ့ ကိုလာဂျင် Powder,Supplement နှင့် Drink ပုလင်းတွေကို စနစ်တကျသုံးစွဲသင့်ပါတယ်…
ကိုလာဂျင် Powder နှင့် Drink တွေမှာယူလိုပါက ကျွန်မတို့ရဲ့ SANA ပေ့ချ်မှာလည်းမေးမြန်းလို့ရပါတယ်…ကျေးဇူးတင်ပါတယ်ရှင့်
အားလုံး ပိုမိုလှပသောနေ့ရက်တွေပိုင်ဆိုင်ကြပါစေရှင့်
#collagen