အသက်အရွယ်ရလာပေမဲ့ နုပျိုလန်းဆန်းမှုကိုတော့ လူအများလိုချင်ကြပါတယ်…
ဒီတခါ Sharing လုပ်ပေးမှာက အေးဂျင်းကဲ(Aging care)ရဲ့အခြေခံKnowledge လေးကိုလေ့လာမိသလောက်လေးမျှပေးချင်ပါတယ်…
Okay! Let’s get started!
Aging care ဆိုတာဘာလဲ?
အကြမ်းဖျင်းတော့…အသက်အရွယ်နှင့်လိုက်ပြီးတော့ အသားရေကိုထိန်းသိမ်းတာလို့ပြောကြပါတယ်…
တကယ်တော့ Anti-aging လို့ပြောရင်ပိုမှန်ပေမဲ့ မိတ်ကပ်ပစ္စည်းတွေကို Anti-aging လို့သုံးတာခွင့်မပြုတဲ့နိုင်ငံတွေလည်းရှိပါတယ်..ဒါကြောင့် Aging careဆိုပြီးကုပ္ပဏီအများစုကသုံးကြတာပါ
Okay!, ဒါဆို Aging care ကိုဘယ်အသက်ရွယ်မှာစလုပ်သင့်လဲ?
ပညာရှင်အများစုကတော့ အသက် အစိတ် ကျော်လာရင်လုပ်သင့်တယ်လို့ပြောကြပါတယ်…
Why?
ဘာကြောင့်ဆိုတော့..အဓိက ၂ချက်ရှိပါတယ်
အသက်အစိတ်ကျော်လာရင်
ကိုလာဂျင်ဓါတ်လျှော့ကျလာတာရယ်၊
အသားအရေအပြောင်းအလဲ(Turn over)ဖြစ်တာရယ်ကြောင့်..အများစုကအရေးအစင်း သေးသေးလေးတွေ တင်းတိတ်မှဲ့ခြောက်တွေစဖြစ်လာလေ့ရှိပါတယ်…
ဒါဆို ဘယ်အချိန်လောက်မှာစသင့်လဲ…
အရမ်းစောပြီးလုပ်ရင်လဲသိပ်မကောင်းပါဘူး…
ဘာကြောင့်ဆိုတော့ Aging care အလှကုန်ပစ္စည်းတွေကအများအားဖြင့် ဆီပါဝင်မှုများကြပြီး အသားအရေမတည့်တာတွေရှိတတ်လို့ပါ…
ဂျပန်ကစစ်တမ်းတခုအရတော့ အများအားဖြင့် အသက် 28 ကနေ 30 နောက်ပိုင်းလုပ်တဲ့လူတွေများကြပါတယ်…
ဟုတ်ပါပြီ…အဲဒီ Aging care ဆိုတာကရောဘာလုပ်တာပါလဲ?
Aging care ဆိုတာကတော့ အသားအရေ ရင့်ရော်မှုနှင့်လိုက်ပြီး အသားရေကိုထိန်းသိမ်းတာကခြေခံပေါ့နော်…
အသားရေရင့်ရော်ပျက်စီးမှုအဓိကအကြောင်းအရင်းကတော့…
Skin care တွေမှားသုံးမိတာ၊
မတည့်တဲ့ Skin care သုံးမိတာ
UV(ခရမ်းလွန်ရောင်ခြည်) care ကိုစနစ်တကျမလုပ်ခဲ့တာ
အစားအသောက် Daily life style ကိုဂရုတစိုက်မလုပ်ခဲ့တာ တွေကအဓိကအကြောင်းအရင်းဖြစ်ပါတယ်
Aging care လုပ်ဖို့လိုတာကို ဘယ်လိုသိနိုင်မလဲ?
အောက်ပါအချက်လေးတွေကိုဂရုတစိုက်နှိုင်းယှည်ကြည့်ပါ…
တင်းတိတ်၊မှဲ့ခြောက်တွေများလာသလား
မျက်ခမ်း၊နုတ်ခမ်းတဝိုက်အရေးအစင်းလေးတွေများလာသလား
မွေးညှင်းပေါက်တွေကျယ်လာသလား
Nasolabial foldတွေပိုပြီးထင်းလာသလား
အသားရေတင်းရင်းမှုမရှိဘူးလို့ခံစားမိတာတွေ စတာတွေရှိလာရင်တော့ စလုပ်သင့်တယ်လို့ထင်ပါတယ်…
Aging care အတွက်ထိရောက်တဲ့ ဓါတ်တွေကတော့…
အသားရေမွဲခြောက်တဲ့သူတွေအတွက်တော့Collagen (ကိုလာဂျင်)/Hyaluronic acid/Botanical Oil စတာတွေ
တင်းတိတ်၊မှဲ့ခြောက်၊အသားရေဖြူဖွေးလိုသူတွေတွက်တော့ Placenta extract/Vitamin C derivative/ Arbutin/ Tranexamic acid စတာတွေပါဝင်တာကသင့်တော်ပါတယ်
အရေးအစင်းတွေအတွက်ကတော့ Retinol/ Niacinamide/Vitamin c derivative/ Peptide စတာတွေပါဝင်တာကသင့်တော်ပါတယ်
အဓိကတော့ Daily life style ပါပဲ အစားအသောက်သင့်တင့်မျှတမှုရှိမယ်၊ အိပ်ရေးဝဝအိပ်မယ်၊ UV ကိုသေသေချာချာကာကွယ်မယ်ဆိုရင် ပိုပြီးနုပျိုလန်းဆန်းနေစေမှာပါ…
အားလုံး ပိုမိုလှပလန်းဆန်းတဲ့နေ့ရက်လေးများကိုပိုင်ဆိုင်ကြပါစေ