Face Mask ဘယ်လိုသုံးကြမလဲ?
မင်္ဂလာပါရှင့်
ဒီတခါတော့ Face Mask သုံးစွဲနည်းအခြေခံလေးကို ရှင်းပြပေးမယ်နော်
Okay! Let’s get started!
How to use
Face mask မကပ်ခင် မျက်နှာကိုဆေးကြောတဲ့အခါမျက်နှာမှ မိတ်ကပ်၊အညစ်အကြေးများနှင့်မျက်နှာပြင်အဆီများကိုဖယ်ရှားပါ၊
Why? ➡︎အဆီနှင့်အညစ်အကြေးများကိုဖယ်ရှားပေးခြင်းဖြင့်အရေပြားထဲကိုပိုမိုစိမ့်ဝင်ပြီးထိရောက်စေပါတယ်
တချို့ကမျက်နှာကိုဆေးကြောပြီးတာနှင့်ချက်ချင်းကပ်ကြပါတယ်၊ဖြစ်နိုင်ပါကTonerကိုအရင်လိမ်းပြီးမှကပ်တာပိုအကျိုးရှိစေပါတယ်
So why? ➡︎ဘာကြောင့်ဆိုတော့ Toner က Face mask မှာပါဝင်တဲ့ Beauty Essence ကိုမျက်နှာကိုပိုပြီးစိမ့်ဝင်စေအောင်လုပ်ဆောင်ပေးတဲ့အတွက်ပါ
Toner လိမ်းပြီး Face mask ကပ်တဲ့အခါ တချို့နေရာတွေက Face mask မရောက်ပဲလစ်လပ်တဲ့နေရာတွေရှိတဲ့အတွက်၊ အဲဒီလစ်လပ်နေတဲ့ နေရာလေးတွေကရေဓါတ်ခမ်းခြောက်စေပါတယ်။
အဲဒါကိုတားဆီးတဲ့အနေနှင့် Face mask ကပ်ပြီးတဲ့အခါ အဲဒီနေရာတွေကို နို့ရည်လိမ်းပေးတာပိုသင့်တော်ပါတယ်
Face mask ကပ်ပြီးတဲ့အခါဆီဓါတ်ပါဝင်တဲ့ နို့ရည် or ခရမ်ကိုလိမ်းပေးခြင်းအားဖြင့် ရေဓါတ်ခမ်းခြောက်မသွားအောင်ထိိန်းထားပေးတာက မျက်နှာကိုပိုမိုတင်းရင်း တောက်ပစေမှာဖြစ်ပါတယ်
Face Mask ဘယ်လိုရွေးမလဲ
Okay!တချို့တွေက Quality ကောင်းပြီးစျေးကြီးရင်ပြီးရောဆိုပြီးရွေးတဲ့လူလည်းရှိပါတယ်။
တချို့ကတော့ ဘာဖြစ်ဖြစ် Face Mask ဖြစ်ရင်ပြီးရောဆိုပြီးရွေးတဲ့လူလည်းရှိကြမယ်ထင်ပါတယ်။
တကယ်တော့ Toner ပါဝင်တဲ့ Face mask, Beauty essence only, ချွေးပေါက်ကျယ်တာကိုကာကွယ်ပေးတာစသဖြင့် အမျိုးပေါင်းများစွာရှိပါတယ်
ဒါကြောင့် ပါဝင်တဲ့ အရာတွေကကိုယ့်အတွက်တကယ်လိုအပ်တဲ့ ဟာကိုပဲရွေးသုံးတာကတော့
ပိုထိရောက်စေတာပေါ့
သုံးစွဲနည်းအညွှန်းကိုသေချာသိပါစေ
တချို့ Face mask တွေက ခွါပြီးတဲ့အခါ ဒီအတိုင်းထားလို့ရတာရှိပါတယ်
တချို့ကတော့ ခွါပြီးတဲ့အခါ မျက်နှာကိုဆေးကြောဖို့ လိုအပ်တာလည်းရှိပါတယ်
နောက်တခုက အရမ်းလှချင်လို့နေ့တိုင်းလိုလိုကပ်တဲ့လူတွေလည်းရှိချင်ရှိနေမှာပါ
တကယ်တော့ Face mask ဆိုတာ ရက်အနည်းငယ်ကြာမှ တခါဆိုသလို သူ့ရဲ့ Using cycle ကိုသေချာစနစ်တကျသုံးစွဲသင့်ပါတယ်
Why? အလျှံပယ်ရှိလို့ လိုတာထက်ပိုသုံးတဲ့အခါ ဝက်ခြံထွက်တာ၊ အရေပြားပျက်စီးတာတွေရှိတတ်လို့ပါ။ ဒါကတော့ဘယ်အရာမဆို လိုတာထက်မပိုတာကတော့ အကောင်းဆုံးပေါ့နော်
ပြီးတော့ သတ်မှတ်ထားတဲ့အချိန်ကိုလိုက်နာဖို့ပါပဲ
နောက်ဆုံးတခုကတော့ ကိုယ့်ရဲ့အသားရေနှင့်မတည့်ရင် မသုံးပါနဲ့
စသုံးကြည့်ပြီး အညွှန်းက ၁၅မိနစ်နေမှာခွါပါလို့ရေးထားသည့်တိုင် မိနစ်အနည်းငယ်ကြာမှာယားယံတာ မျက်မှာပူစပ်စပ်ဖြစ်တာစတာတွေဖြစ်ပေါ်ပါက သုံးစွဲတာကိုချက်ချင်းရပ်ပြီး
မျက်နှာကိုအမြန်ဆေးကြောသင့်ပါတယ်
ဒီလောက်ဆိုအကြမ်းဖျင်းလောက်တော့ သိသွားကြမယ်ထင်ပါတယ်
အားလုံးသောလူအပေါင်း Covid 19 ဘေးမှကင်းဝေးကြပါစေ
ပိုမိုလှပသော နေ့ရက်များကို ပိုင်ဆိုင်ကြပါစေ