အရွယ်တင်စေဖို့ Aging Care

🌸အသက်အရွယ်ရလာပေမဲ့ နုပျိုလန်းဆန်းမှုကိုတော့ လူအများလိုချင်ကြပါတယ်…

💁‍♀️ဒီတခါ Sharing လုပ်ပေးမှာက အေးဂျင်းကဲ(Aging care)ရဲ့အခြေခံKnowledge လေးကိုလေ့လာမိသလောက်လေးမျှပေးချင်ပါတယ်…

👍Okay! Let’s get started!

🌸Aging care ဆိုတာဘာလဲ?

အကြမ်းဖျင်းတော့…အသက်အရွယ်နှင့်လိုက်ပြီးတော့ အသားရေကိုထိန်းသိမ်းတာလို့ပြောကြပါတယ်…

👉တကယ်တော့ Anti-aging လို့ပြောရင်ပိုမှန်ပေမဲ့ မိတ်ကပ်ပစ္စည်းတွေကို Anti-aging လို့သုံးတာခွင့်မပြုတဲ့နိုင်ငံတွေလည်းရှိပါတယ်..ဒါကြောင့် Aging careဆိုပြီးကုပ္ပဏီအများစုကသုံးကြတာပါ

😊Okay!, ဒါဆို Aging care ကိုဘယ်အသက်ရွယ်မှာစလုပ်သင့်လဲ?

ပညာရှင်အများစုကတော့ အသက် အစိတ် ကျော်လာရင်လုပ်သင့်တယ်လို့ပြောကြပါတယ်…

💡Why?

🌸ဘာကြောင့်ဆိုတော့..အဓိက ၂ချက်ရှိပါတယ်

🌸အသက်အစိတ်ကျော်လာရင်

✨ကိုလာဂျင်ဓါတ်လျှော့ကျလာတာရယ်၊

✨အသားအ​ရေအပြောင်းအလဲ(Turn over)ဖြစ်တာရယ်ကြောင့်..အများစုကအ​ရေးအစင်း သေးသေးလေးတွေ တင်းတိတ်မှဲ့ခြောက်တွေစဖြစ်လာလေ့ရှိပါတယ်…

🤔ဒါဆို ဘယ်အချိန်လောက်မှာစသင့်လဲ…

🌸အရမ်းစောပြီးလုပ်ရင်လဲသိပ်မကောင်းပါဘူး…

ဘာကြောင့်ဆိုတော့ Aging care အလှကုန်ပစ္စည်းတွေကအများအားဖြင့် ဆီပါဝင်မှုများကြပြီး အသားအရေမတည့်တာတွေရှိတတ်လို့ပါ…

💡ဂျပန်ကစစ်တမ်းတခုအရတော့ အများအားဖြင့် အသက် 28 ကနေ 30 နောက်ပိုင်းလုပ်တဲ့လူတွေများကြပါတယ်…

🤔ဟုတ်ပါပြီ…အဲဒီ Aging care ဆိုတာကရောဘာလုပ်တာပါလဲ?

Aging care ဆိုတာကတော့ အသားအရေ ရင့်ရော်မှုနှင့်လိုက်ပြီး အသားရေကိုထိန်းသိမ်းတာကခြေခံပေါ့နော်…😊

🌸အသားရေရင့်ရော်ပျက်စီးမှုအဓိကအကြောင်းအရင်းကတော့…

✨Skin care တွေမှားသုံးမိတာ၊

✨မတည့်တဲ့ Skin care သုံးမိတာ

✨UV(ခရမ်းလွန်ရောင်ခြည်) care ကိုစနစ်တကျမလုပ်ခဲ့တာ

✨အစားအသောက် Daily life style ကိုဂရုတစိုက်မလုပ်ခဲ့တာ တွေကအဓိကအကြောင်းအရင်းဖြစ်ပါတယ်

🤔Aging care လုပ်ဖို့လိုတာကို ဘယ်လိုသိနိုင်မလဲ?

အောက်ပါအချက်လေးတွေကိုဂရုတစိုက်နှိုင်းယှည်ကြည့်ပါ…

✨တင်းတိတ်၊မှဲ့ခြောက်တွေများလာသလား

✨မျက်ခမ်း၊နုတ်ခမ်းတဝိုက်အ​ရေးအစင်းလေးတွေများလာသလား

✨မွေးညှင်းပေါက်တွေကျယ်လာသလား

✨Nasolabial foldတွေပိုပြီးထင်းလာသလား

✨အသားရေတင်းရင်းမှုမရှိဘူးလို့ခံစားမိတာတွေ စတာတွေရှိလာရင်တော့ စလုပ်သင့်တယ်လို့ထင်ပါတယ်…

Aging care အတွက်ထိရောက်တဲ့ ဓါတ်တွေကတော့…

🌸အသားရေမွဲခြောက်တဲ့သူတွေအတွက်တော့Collagen (ကိုလာဂျင်)/Hyaluronic acid/Botanical Oil စတာတွေ

🌸တင်းတိတ်၊မှဲ့ခြောက်၊အသားရေဖြူဖွေးလိုသူတွေတွက်တော့ Placenta extract/Vitamin C derivative/ Arbutin/ Tranexamic acid စတာတွေပါဝင်တာကသင့်တော်ပါတယ်

🌸အရေးအစင်းတွေအတွက်ကတော့ Retinol/ Niacinamide/Vitamin c derivative/ Peptide စတာတွေပါဝင်တာကသင့်တော်ပါတယ်

💁‍♀️အဓိကတော့ Daily life style ပါပဲ အစားအသောက်သင့်တင့်မျှတမှုရှိမယ်၊ အိပ်ရေးဝဝအိပ်မယ်၊ UV ကိုသေသေချာချာကာကွယ်မယ်ဆိုရင် ပိုပြီးနုပျိုလန်းဆန်းနေစေမှာပါ…

❤️အားလုံး ပိုမိုလှပလန်းဆန်းတဲ့နေ့ရက်လေးများကိုပိုင်ဆိုင်ကြပါစေ❤️

#JapanProductsbySana