Face Mask ထိရောက်ဆုံးဘယ်လိုသုံးမလဲ?

🌸Face Mask ဘယ်လိုသုံးကြမလဲ? 🌸

🙏မင်္ဂလာပါရှင့်🙏

👉ဒီတခါတော့ Face Mask သုံးစွဲနည်းအခြေခံလေးကို ရှင်းပြပေးမယ်နော်😊

Okay! Let’s get started!

💁‍♀️How to use🤔

🌸Face mask မကပ်ခင် မျက်နှာကိုဆေးကြောတဲ့အခါမျက်နှာမှ မိတ်ကပ်၊အညစ်အကြေးများနှင့်မျက်နှာပြင်အဆီများကိုဖယ်ရှားပါ၊

Why? ➡︎အဆီနှင့်အညစ်အကြေးများကိုဖယ်ရှားပေးခြင်းဖြင့်အရေပြားထဲကိုပိုမိုစိမ့်ဝင်ပြီးထိရောက်စေပါတယ်👍

🌸တချို့ကမျက်နှာကိုဆေးကြောပြီးတာနှင့်ချက်ချင်းကပ်ကြပါတယ်၊ဖြစ်နိုင်ပါကTonerကိုအရင်လိမ်းပြီးမှကပ်တာပိုအကျိုးရှိစေပါတယ်💁‍♀️

So why? ➡︎ဘာကြောင့်ဆိုတော့ Toner က Face mask မှာပါဝင်တဲ့ Beauty Essence ကိုမျက်နှာကိုပိုပြီးစိမ့်ဝင်စေအောင်လုပ်ဆောင်ပေးတဲ့အတွက်ပါ

🌸Toner လိမ်းပြီး Face mask ကပ်တဲ့အခါ တချို့နေရာတွေက Face mask မရောက်ပဲလစ်လပ်တဲ့နေရာတွေရှိတဲ့အတွက်၊ အဲဒီလစ်လပ်နေတဲ့ နေရာလေးတွေကရေဓါတ်ခမ်းခြောက်စေပါတယ်။

👉အဲဒါကိုတားဆီးတဲ့အနေနှင့် Face mask ကပ်ပြီးတဲ့အခါ အဲဒီနေရာတွေကို နို့ရည်လိမ်းပေးတာပိုသင့်တော်ပါတယ်

🌸Face mask ကပ်ပြီးတဲ့အခါဆီဓါတ်ပါဝင်တဲ့ နို့ရည် or ခရမ်ကိုလိမ်းပေးခြင်းအားဖြင့် ရေဓါတ်ခမ်းခြောက်မသွားအောင်ထိိန်းထားပေးတာက မျက်နှာကိုပိုမိုတင်းရင်း တောက်ပစေမှာဖြစ်ပါတယ်

💁‍♀️Face Mask ဘယ်လိုရွေးမလဲ

Okay!တချို့တွေက Quality ကောင်းပြီးစျေးကြီးရင်ပြီးရောဆိုပြီးရွေးတဲ့လူလည်းရှိပါတယ်။

တချို့ကတော့ ဘာဖြစ်ဖြစ် Face Mask ဖြစ်ရင်ပြီးရောဆိုပြီးရွေးတဲ့လူလည်းရှိကြမယ်ထင်ပါတယ်။

👉တကယ်တော့ Toner ပါဝင်တဲ့ Face mask, Beauty essence only, ချွေးပေါက်ကျယ်တာကိုကာကွယ်ပေးတာစသဖြင့် အမျိုးပေါင်းများစွာရှိပါတယ်

ဒါကြောင့် ပါဝင်တဲ့ အရာတွေကကိုယ့်အတွက်တကယ်လိုအပ်တဲ့ ဟာကိုပဲရွေးသုံးတာကတော့

ပိုထိရောက်စေတာပေါ့😊

👉သုံးစွဲနည်းအညွှန်းကိုသေချာသိပါစေ

တချို့ Face mask တွေက ခွါပြီးတဲ့အခါ ဒီအတိုင်းထားလို့ရတာရှိပါတယ်

တချို့ကတော့ ခွါပြီးတဲ့အခါ မျက်နှာကိုဆေးကြောဖို့ လိုအပ်တာလည်းရှိပါတယ်

👉နောက်တခုက အရမ်းလှချင်လို့နေ့တိုင်းလိုလိုကပ်တဲ့လူတွေလည်းရှိချင်ရှိနေမှာပါ

တကယ်တော့ Face mask ဆိုတာ ရက်အနည်းငယ်ကြာမှ တခါဆိုသလို သူ့ရဲ့ Using cycle ကိုသေချာစနစ်တကျသုံးစွဲသင့်ပါတယ်

Why? အလျှံပယ်ရှိလို့ လိုတာထက်ပိုသုံးတဲ့အခါ ဝက်ခြံထွက်တာ၊ အ​ရေပြားပျက်စီးတာတွေရှိတတ်လို့ပါ။ ဒါကတော့ဘယ်အရာမဆို လိုတာထက်မပိုတာကတော့ အကောင်းဆုံးပေါ့နော်

👍ပြီးတော့ သတ်မှတ်ထားတဲ့အချိန်ကိုလိုက်နာဖို့ပါပဲ

💁‍♀️💁‍♀️နောက်ဆုံးတခုကတော့ ကိုယ့်ရဲ့အသားရေနှင့်မတည့်ရင် မသုံးပါနဲ့

စသုံးကြည့်ပြီး အညွှန်းက ၁၅မိနစ်နေမှာခွါပါလို့ရေးထားသည့်တိုင် မိနစ်အနည်းငယ်ကြာမှာယားယံတာ မျက်မှာပူစပ်စပ်ဖြစ်တာစတာတွေဖြစ်ပေါ်ပါက သုံးစွဲတာကိုချက်ချင်းရပ်ပြီး

မျက်နှာကိုအမြန်ဆေးကြောသင့်ပါတယ်

☺️ဒီလောက်ဆိုအကြမ်းဖျင်းလောက်တော့ သိသွားကြမယ်ထင်ပါတယ်🌸🌸

🙏အားလုံးသောလူအပေါင်း Covid 19 ဘေးမှကင်းဝေးကြပါစေ🙏

🌸ပိုမိုလှပသော နေ့ရက်များကို ပိုင်ဆိုင်ကြပါစေ🌸

#JapanProductsbySana

#FaceMask