မျက်နှာအသားရေဘယ်လိုထိန်းသိမ်းမလဲ

★Cleansing step နဲ့ facial wash အဆင့်မှာသေချာမလုပ်မိတာ (သို့) အသန့်စင်လွန်တဲ့အခါ ချွေးပေါက်ကျယ်၊ ဆားဝက်ခြံ၊ အဆီပြန်စတဲ့ skin problem တွေဖြစ်တယ်။
☆ကျမကတော့ cleansing step သေချာမလုပ်မိတဲ့ထဲပါတယ်😒
……………………
★မျက်နှာအသားအရေထိန်းသိမ်းမှု့ရဲ့အခြေခံအဆင့်တွေကဘာကြောင့်လိုအပ်လဲ။
☆skin careအကြောင်း သိိသလောက်လေး မျှဝေပေးလိုက်ပါတယ်🤗
#Japan Blog / YouTube ကိုမှီငြမ်းရေးပါတယ်။
……………………
#Cleansing#မျက်နှာချေးချွတ်ခြင်း
★Cleansing step မှာ cleansing liquid, cream, milk, oil, balm ဘာပဲသုံးသုံး များများထည့်သင့်ပါတယ်။
★ဘာလို့လဲဆိုတော့ cleansing ပမာဏနည်းရင် ပွတ်တိုက်မှုများပြီး အသားအရေကိုထိခိုက်စေလို့ပါ။
★ဂျပန်တွေကတော့ cleansing လုပ်တဲ့အခါ မပွတ်ခိုင်းပါဘူး။ ပွတ်ချင်ရင်လည်း နှာခေါင်းတဝိုက်ဆားဝက်ခြံထွက်တတ်တဲ့နေရာပဲအသာအယာပွတ်ခိုင်းပါတယ်။
*cleansing လုပ်နည်း video နောက်အပိုင်းတွေမှာ တင်ပေးပါမယ်။

#FacialWash#မျက်နှာသစ်နည်း
★မျက်နှာသစ်ရင်လက်ထဲဆပ်ပြာထည့်အမြှုပ်ထအောင်လုပ်ပြီးမှသစ်ပါ။ အရမ်းကြီးပွတ်တာ၊ အချိန်ကြာကြာ ဆပ်ပြာနဲ့ပွတ်နေပြီး မျက်နှာသစ်တာမျိုးမလုပ်ပါနဲ့။
★လိုတာထက်ပိုပြီးမျက်နှာအသစ်လွန်ရင် အရေပြားမှာရှိသင့်တဲ့အဆီတွေပါသွားတာကြောင့် အရေပြားကအဆီဓါတ်လိုအပ်နေပြီသတ်မှတ်ပြီး အဆီဓါတ်တွေပိုထုတ်ပေးလို့ အဆီပြန်ပါတယ်။

#SkinLotion#မျက်နှာသစ်ပြီးနောက်
★မျက်နှာသစ်ပြီးရင် အစိုဓါတ်ဖြည့်ပေးဖို့လိုတဲ့အတွက် အခြေခံအကျဆုံးskin care stepဖြစ်တဲ့
🤍တိုနာlotion + နို့ရည်emulsion
🤍တိုနာlotion + moisturizer / moisturizing cream,gel
ဒါတွေကိုတော့ မနက်ရော ညပါ လိမ်းပေးသင့်ပါတယ်။
※တိုနာ၊စီရမ်၊နို့ရည် စတာတွေအကုန်ပါလို့ တမျိုးတည်းလိမ်းရုံနဲ့ လုံလောက်တဲ့ all in one gel / all in one cream လိမ်းလည်းရပါတယ်။

💗တိုနာ ၊ နို့ရည် စတာတွေရဲ့လုပ်ဆောင်ချက်တွေကဘာလဲဆိုတာ ကြည့်လိုက်ကြရအောင်🧐

#Lotionတိုနာ
★အစိုဓါတ်ဖြည့်ပေးတယ်။ ပါဝင်မှု=ရေဓါတ်
※မျက်နှာသစ်ပြီးတဲ့အခါ တိုနာလိမ်းပြီးအရေပြားကိုသေချာအစိုဓါတ်ဖြည့်ပေးပါ။ လိမ်းသင့်တဲ့ပမာဏသေချာလိမ်းပါ။ ကပ်စေးမနဲပါနဲ့။
★သေချာအစိုဓါတ်ပြည့်နေမှ နောက်အဆင့် စီရမ်၊ နို့ရည်၊ ခရင်မ် စတာတွေလိမ်းတဲ့အခါ သူတို့တွေရဲ့အကျိုးအာနိသင်အပြည့်အဝရစေမှာပါ။

#Emulsionနို့ရည်
★ရေဓါတ်+အဆီဓါတ် = ဖြည့်ထားတဲ့အစိုဓါတ်မပြယ်အောင်ထိန်းပေးတယ်။ targetထားရွေးချယ်တဲ့ whitening or moisturizing or anti-aging ရဲ့အကျိုးအာနိသင်ရစေတယ်။
★တိုနာလိမ်းပြီးဖြည့်ထားတဲ့ ရေဓါတ်အငွေ့မပျံအောင်အဖုံးပိတ်ပေးလိုက်တဲ့သဘောပါ။

#Creamခရင်မ်
★နို့ရည်ရဲ့လုပ်ဆောင်ချက်နဲ့သဘောတရားအတူတူပဲ၊ တိုနာလိမ်းပြီးဖြည့်ထားတဲ့အစိုဓါတ်မပြယ်အောင်ထိန်းပေးတယ်။ ကိုယ်ရွေးချယ်တဲ့ whitening or moisturizing or anti-aging အကျိုးအာနိသင်ရစေတယ်။
ပါဝင်မှု = ရေဓါတ်+အဆီဓါတ် ၊ နို့ရည်ထက်အဆီဓါတ်ပါဝင်မှုများတယ်
★မျက်နှာသစ်ပြီး တိုနာ + နို့ရည် (သို့) တိုနာ + ခရင်မ် လိမ်းပေးတာကတော့ အခြေခံအသားအရေထိန်းသိမ်းနည်းအဆင့်ပါ။
★နို့ရည်လိမ်းပြီး ခရင်မ်ထပ်လိမ်းလည်းရပါတယ်။အသားအရေရဲ့အခြေအနေနဲ့ချိန်ဆပြီး သုံးပါ။ အသားအရမ်းခြောက်တတ်သူ သို့ ဆောင်းတွင်းဆိုရင်တော့ နို့ရည် ရော ခရင်မ် ပါလိမ်းကြပါတယ်။
🌟အဆီပြန်တတ်သူတွေ အဆီပြန်လို့ဆိုပြီး
lotionတိုနာလိမ်းပြီး နို့ရည်/ခရင်မ်/moisturizer မလိမ်းဘဲမနေပါနဲ့။အဆီပြန်အသားအရေသုံးလို့ရတဲ့ fresh type ရွေးသုံးပါ။

#Serumစီရမ်
★special care / intensive care အနေနဲ့သုံးပါတယ်။ ဥပမာ moisturizing, aging care, whitening အကျိုးအာနိသင်ပိုပြီးထိရောက်စေဖို့အတွက်ပါ
★ပုံမှန်အားဖြင့်တော့ တိုနာလိမ်းပြီးနောက် စီရမ်လိမ်းရတာပါ။ ပစ္စည်းအမျိုးအစားပေါ်မူတည်ပြီး တိုနာ၊နို့ရည် လိမ်းပြီးမှ လိမ်းရတာမျိုးလည်းရှိပါတယ်။

#Essence
★extra skincare အနေနဲ့သုံးပါတယ်။ အစိုဓါတ်နဲ့ အသားအရေအတွက်လိုအပ်တဲ့အာဟာရဓါတ်ဖြည့်ပေးပါတယ်။
★တိုနာ ထက်ပိုပြီး beauty ingredients ပိုများပေမယ့် serum လောက်တော့ special care မလုပ်ပေးနိုင်ပါဘူး။

#Booster
★တိုနာ မလိမ်းခင်လိမ်းရတာပါ။ lotion serum လို့လည်းသုံးပါတယ်။ တိုနာလိမ်းတဲ့အခါ ပိုပြီးအသားထဲစိမ့်ဝင်လွယ်စေဖို့ အရေပြားကိုပြင်ဆင်ပေး/supportလုပ်ပေးပါတယ်
★တိုနာတခုတည်းနဲ့ အစိုဓါတ်မလုံလောက်ဘူး ခံစားရရင် (သို့) အရေပြားရဲ့အစိုဓါတ်လျော့နည်းလာပြီဖြစ်တဲ့ ၃၀ကျော်နောက်ပိုင်းဆိုရင်တော့Boosterလိမ်းသင့်ပါတယ်။

☀️UV rays တွေကနေ ကာကွယ်ဖို့အတွက် မနက်ပိုင်းဆို uv protector / sunscreen သုံးဖို့မမေ့ပါနဲ့။


#JapanProductsbySana