Japan skin careများနှင့်Expire date

*customerတွေအမေးများလို့ Shiseido website ကFAQ တွေဘာသာပြန်ပေးထားတာပါ။

Q: အလှကုန်တွေပေါ်မှာသက်တမ်းကုန်ဆုံးရက်မရေးထားပါ။ ဘာကြောင့်ပါလဲ။
A: ဂျပန်ဆေးဝါးနှင့်ဆေးဘက်ဆိုင်ရာပစ္စည်းများဥပဒေအရထုတ်လုပ်ပြီးနောက် ၃ နှစ်အတွင်းအရည်အသွေးပြောင်းလဲသောအလှကုန်များမှလွဲ၍ သက်တမ်းကုန်ဆုံးရက်ကိုဖော်ပြရန်မလိုအပ်ပါ။
ဗူးဖွင့်ပြီးတဲ့အလှကုန်တွေဆိုရင်တော့တတ်နိုင်သလောက်မြန်မြန်ကုန်အောင်သုံးပါ။
နောက်ရာသီ ※ မှာထပ်သုံးချင်ရင်အရမ်းပူ၊စိုထိုင်းဆများတဲ့နေရာတွေ၊ အပူချိန်အပြောင်းအလဲရှိတဲ့နေရာတွေကိုရှောင်ပြီးနေရောင်နဲ့တိုက်ရိုက်မထိတွေ့တဲ့နေရာမှာထားပါ။
※ဂျပန် နွေဦး၊နွေ၊ဆောင်းဦး၊ဆောင်း ရာသီ၄မျိုး(၁ရာသီ၃လ)

Q: အလှကုန်တွေမှာဘာကြောင့်ထုတ်လုပ်တဲ့ရက်စွဲမရေးထားတာလဲ။
A: ဂျပန်ဆေးဝါးနှင့်ဆေးဘက်ဆိုင်ရာပစ္စည်းများဥပဒေအရထုတ်လုပ်ပြီးနောက် ၃ နှစ်အတွင်းအရည်အသွေးပြောင်းသောအလှကုန်များမှလွဲ၍ သက်တမ်းကုန်ဆုံးရက်ကိုဖော်ပြရန်မလိုအပ်ပါ။
ထို့ကြောင့်cosmeticဗူးတွေမှာထုတ်လုပ်တဲ့ရက်စွဲကိုမရေးထားပါ။
အလှကုန်တွေကိုသုံးတဲ့အခါအနံ့မထူးခြားလျှင်၊အရည်နဲ့အဆီတထပ်စီ (အရည်အကြည်နဲ့အနောက်တထပ်စီ) ဖြစ်တာမျိုးမဖြစ်လျှင်၊အရောင်မပြောင်းလျှင်၊၀ယ်တုန်းကအခြေအနေအတိုင်းပဲဆိုလျှင်သုံးနိုင်ပါတယ်။ဗူးဖွင့်ပြီးတာနဲ့ပစ္စည်းအရည်အသွေးကမပြောင်းပါဘူး၊ ဒါပေမယ့်မြန်မြန်ကုန်အောင်သုံးဖို့အကြံပေးချင်ပါတယ်။

Q: ဖွင့်ပြီးသားအလှကုန်တွေကိုဘယ်လောက်ကြာကြာသုံးနိုင်လဲ။
A: ပစ္စည်းအမျိုးအစားနှင့်သိမ်းဆည်းမှုအခြေအနေပေါ် မူတည်ပြီးဘယ်လောက်ကြာကြာသုံးနိုင်လဲဆိုတာကွာပါတယ်။
အလှကုန်တွေကိုသုံးတဲ့အခါအနံ့မထူးခြားလျှင်၊အရည်နဲ့အဆီတထပ်စီ (အရည်အကြည်နဲ့အနောက်တထပ်စီ) ဖြစ်တာမျိုးမဖြစ်လျှင်၊အရောင်မပြောင်းလျှင်၊၀ယ်တုန်းကအခြေအနေအတိုင်းပဲဆိုရင်သုံးနိုင်ပါတယ်။
ဗူးဖွင့်ပြီးတာနဲ့ပစ္စည်းအရည်အသွေးကမပြောင်းပါဘူး။ ဒါပေမယ့်ဗူးဖွင့်လိုက်တာနဲ့အလှကုန်မှာဖုန်မှုန့်နဲ့ပိုးမွှားတွေဝင်သွားနိုင်လို့ဖွင့်ပြီးသားဗူးတွေကိုတတ်နိုင်သလောက်မြန်မြန်သုံးဖို့အကြံပေးချင်ပါတယ်။

Q: မနှစ်ကသုံးလို့မကုန်တဲ့အလှကုန်တွေကိုဒီနှစ်သုံးလို့ရလား။
A: အလှကုန်များကိုသုံးတဲ့အခါအနံ့မထူးခြားလျှင်၊အရည်နဲ့အဆီတထပ်စီ(အရည်အကြည်နဲ့အနောက်တထပ်စီ)ဖြစ်တာမျိုးမဖြစ်လျှင်၊အရောင်မပြောင်းလျှင်၊၀ယ်တုန်းကအခြေအနေအတိုင်းပဲဆိုရင်သုံးနိုင်ပါတယ်။
ဗူးဖွင့်ကြည့်လိုက်လို့ အပေါ်ကရေးထားသလိုဖြစ်နေရင်တော့မသုံးပါနဲ့။
ပစ္စည်းအရည်အသွေးကြောင့်မဟုတ်ဘဲခန္ဓာကိုယ်တွင်းအခြေအနေကြောင့်၊ ရာသီဥုတုပြောင်းလဲမှုတွေကြောင့်သုံးနေစဉ်သို့သုံးပြီးနောက်
ပူလာခြင်း၊ ယားယံခြင်း၊ နီခြင်း၊နာကျင်ခြင်းနှင့်ရောင်ရမ်းခြင်းဖြစ်လာပါကဆက်မသုံးပါနှင့်။
လိုအပ်လျှင်ဆရာဝန်ပြပါ။
အလှကုန်များသိမ်းဆည်းသည့်အခါဗူးအဝကိုသေချာသုတ်၊အဖုံးကိုသေချာစွာပိတ်ပြီးအပူချိန်အပြောင်းအလဲနည်းတဲ့နေရာ၊နေရောင်ခြည်တိုက်ရိုက်မထိတဲ့နေရာမှာသိမ်းဆည်းပါ။ဖွင့်ပြီးတဲ့အလှကုန်များကိုတတ်နိုင်သလောက်မြန်မြန်သုံးဖို့အကြံပြုပါတယ်။

Q: အလှကုန်တွေကိုရေခဲသေတ္တာထဲထည့်လို့ရလား။
A: အခြေခံအားဖြင့်အလှကုန်တွေကိုအပူချိန်အများကြီးမပြောင်းဘဲနေရောင်နဲ့တိုက်ရိုက်မထိတွေ့တဲ့အခန်းအပူချိန်မှာသိမ်းထားသင့်ပါတယ်။ ရေခဲသေတ္တာအတွင်းမှအပြင်သို့ထုတ်ယူလို့ဖြစ်ပေါ်သောအပူချိန်ပြောင်းလဲမှုကြောင့်ပစ္စည်းအရည်အသွေးကိုထိခိုက်နိုင်ပါတယ်။
ထို့အပြင်ရေခဲသေတ္တာထဲမှာအချိန်ကြာမြင့်စွာသိမ်းထားတယ်ဆိုရင်creamနှင့် emulsion (နို့ရည်)တွေကအရည်တထပ်အဆီတထပ် (အရည်အကြည်နဲ့အနောက်တထပ်စီ) လိုမျိုးဖြစ်တတ်ပါတယ်။
cosmetic qualityအတွက်ရေခဲသေတ္တာထဲတွင်သိမ်းဆည်းရန်လိုအပ်သည့်ပစ္စည်းများ၊အအေးပေးလို့အကျိုးသက်ရောက်မှုရှိတဲ့ပစ္စည်းများ၊ အထူးသတိပေးချက်များပါရှိပြီးအရည်အသွေးမပြောင်းလဲဟုသတ်မှတ်သောအထူးထုတ်ကုန်များသာလျှင်ရေခဲသေတ္တာထဲထည့်သိမ်းနိုင်ပါတယ်။

Q: Shiseidoရဲ့ သုံးလက်စဗူးကုန်သွားလို့ refill ထည့်တဲ့အခါ ဘာလို့ဗူးကိုမဆေးပဲထည့်ခိုင်းတာလဲ။ဗူးမဆေးဘဲrefillထည့်လို့ရသလား။
A: Shiseido productsတွေကအလွန်သေးငယ်တဲ့ပိုးမွှားတွေဝင်ခဲ့ရင်တောင်ပစ္စည်းအရည်အသွေးမပြောင်းအောင်ထုတ်လုပ်ထားပါတယ်။
ဒါပေမယ့်အကြောင်းတစ်ခုခုကြောင့်ရေ၀င်သွားမယ်ဆိုရင်ပိုးမွှားတွေပေါက်ပွါးလာနိုင်လို့မူလအရည်အသွေးအတိုင်းမရှိနိုင်တော့ပါ။
သုံးလက်စတိုနာ၊နို့ရည်ဗူးကုန်သွားလို့refillထပ်မထည့်ခင်ဗူးကိုဆေးပြီးမှသုံးမယ်ဆိုလျှင်သန့်သန့်ရှင်းရှင်းသုံးနိုင်တယ်လို့ထင်ရပေမယ့်၊ဆေးထားတဲ့ဗူးကလုံးဝမခြောက်သွားဘူးဆိုရင်တော့ကျန်နေတဲ့ရေတွေကြောင့်ဘက်တီးရီးယားများပေါက်ပွါးနိုင်ပါတယ်။ဒါကြောင့်Shiseido ကဗူးမဆေးဖို့အကြံပြုထားပါတယ်။

*ဂျပန်မှာ expire dateရေးဖို့လိုအပ်တဲ့ပစ္စည်းတွေဆိုသေချာ expire date ရေးပါတယ်။ expire dateရေးထားတဲ့ပစ္စည်းဆိုရင်တောင် အထုပ်/ဗူးဖွင့်ပြီးပြီဆိုရင်တော့ expire dateနဲ့ မဆိုင်တော့ဘူးဆိုတာ သတိပြုပါ။