အလှတရားနှင့် UV

ဒီအောက်ကလူပုံက ဘယ်ဘက်မျက်နှာတခြမ်းပဲနေရောင်ခြည်နှင့်ထိခဲ့လို့ မျက်နှာတခြမ်းကအိုမင်းရင့်ရော်သွားတဲ့အမေရိကားက ၂၈နှစ်လုံးထရပ်ကားမောင်းတဲ့ဒရိုင်ဘာရဲ့ပုံပါ..ဒါက UVကအသားရေ လှပဖို့အရေးပါတယ်ဆိုတာ တိုက်ရိုက်သိသာစေပါတယ်…

ဒါဆိုUVနှင့်ပတ်သက်ပြီးအခြေခံသိထားသင့်တာလေးတွေ sharing လုပ်လိုက်ပါတယ်…

UVခရမ်၊အရည် ကိုဘာကြောင့်လိမ်းကြတာလဲ?
ခရမ်းလွန်ရောင်ခြည်မှာပါတဲ့ ultraviolet A(UVA) နှင့် ultraviolet B(UVB) ကိုကာကွယ်ဖို့UVလိမ်းကြပါတယ်။

☀️UVB ကြောင့်နေလောင်တဲ့အခါအသားအရေကနီသွားတာပါ။

ဆောင်းရာသီမှာ UVB ပမာဏက နွေရာသီပမာဏရဲ့ 1/4 ခန့်အထိ လျော့ကျသွားလို့ ဆောင်းရာသီမှာ ရုတ်တရက် နေလောင်ခံရနိုင်ချေနည်းတာပါ။

☀️UVAရဲ့ပမာဏကနွေရာသီမှာအများဆုံးဖြစ်ပြီး၊ တခြားရာသီတွေမှာ တဝက်လောက်တော့လျော့သွားပါတယ်။

UVA ကUVB ထက် အရေပြားအပေါ် အကျိုးသက်ရောက်မှု နည်းတယ်လို့ထင်ရပေမယ့် UVA ကအရေပြားပေါ်မှာရေရှည်အကျိုးသက်ရောက်မှုဖြစ်စေပြီး အရေးအကြောင်းများနှင့် အမဲစက်ကို ဖြစ်စေပါတယ်။

🌻ဒါကြောင့်တစ်နှစ်ပတ်လုံး uv လိမ်းပြီးခရမ်းလွန်ရောင်ခြည်ဒဏ်ကို ကာကွယ်ဖို့အရေးကြီးပါတယ်။🌻

နွေရာသီမှာ ဂရုတစိုက်နဲ့ uvလိမ်းပြီး နေရောင်ကာကွယ်မှု မှန်မှန်ကန်ကန်နဲ့ အပြင်ထွက်ပေမယ့် ၊ဆောင်းရာသီမှာ နေရောင်ကာကွယ်မှုဘာမှမလုပ်ဘဲ အပြင်ထွက်မိကြပါတယ်။ 😬

ဆောင်းရာသီက အသားအရေ ခြောက်သွေ့တတ်တဲ့အချိန်ပါ။ခြောက်သွေ့နေတဲ့အသားအရေနဲ့ ခရမ်းလွန်ရောင်ခြည်ထိတွေ့ရင် အသားအရေထိခိုက်ပျက်စီးမှု ကိုပိုမိုဆိုးရွားစေပါတယ်။ဒါကြောင့် ဆောင်းရာသီမှာ အစိုဓာတ်ထိန်းပေးဖို့လိုတဲ့အပြင် UV လိမ်းပေးဖို့လည်းလိုပါတယ်။🧴👒😎

UV ဗူးတွေမှာတွေ့ရလေ့ရှိတဲ့ SPF50+PA++++ဆိုတာဘာလဲ။❓

✴️UVB ကိုကာကွယ်ဖို့ “SPF” 【SPF stands for sun protection factor】

“SPF” က UVB (ခရမ်းလွန်ရောင်ခြည် B လှိုင်း) ကို ကာကွယ်ဖို့ဖော်ပြတဲ့ညွှန်းကိန်းတစ်ခုပါ။ 1 မှ 50+ ထိဂဏန်းများဖြင့်ညွှန်ပြပြီး အရေအတွက် ပိုကြီးလေ UVB လှိုင်းကို ကာကွယ်မှု ပိုမြင့်မားလေပါ။

✴️UVA ကိုကာကွယ်ရန် “PA”【PA simply means Protection Grade of UVA rays】

“PA” က UVA (ခရမ်းလွန်ရောင်ခြည် A လှိုင်း) ကို ကာကွယ်ပေးတဲ့ ညွှန်းကိန်းတခုပါ။ “+” အရေအတွက် တိုးလာတာနှင့်အမျှ UVA ကို ကာကွယ်တဲ့ အကျိုးသက်ရောက်မှုတွေ တိုးလာပါတယ်။ အဆင့်လေးဆင့် “+”,”++”,”+++”,”++++” အမှတ်အသားဖြင့်ဖော်ပြပါတယ်။

🔯အသားအရေကို ခရမ်းလွန်ရောင်ခြည်ကနေ ကာကွယ်ဖို့အတွက် SPF ဘယ်လောက် PA ဘယ်လောက်ဆိုတာတွေကို လိုက်ရွေးနေတာထက် နေပူထဲထွက်တဲ့အချိန်ကြာရင် ၂နာရီခြားတခါ UV လိမ်းပေးဖို့ကအဓိကဆိုတာမမေ့ပါနဲ့နော်။

💖နေပူထဲထွက်တဲ့အခါ ကလေးတွေကိုလည်း uv လိမ်းပေးပါ။အလယ်တန်းလောက်ကစပြီးလူကြီးသုံးတဲ့uvအတူတူလိမ်းလို့ရပါတယ်။

ကိုကိုမောင်မောင်တွေကိုလည်း uv လိမ်းခိုင်းဖို့မမေ့ရဘူးနော်။ ကိုယ်တယောက်တည်းလှနေလို့လည်းမဖြစ်ဘူးနော်😉

#JapanProductsbySana