ကိုလာဂျင်နှင့်ပတ်သက်သမျှ

💁‍♀️ဒီတခါတော့ ကိုလာဂျင်နှင့်ပတ်သက်တာလေးမျှဝေပေးချင်ပါတယ်🌸🌸🌸

What is Collagen??🤔🤔

Collagen (ကိုလာဂျင်)ဆိုတာ…💡

👉ကိုလာဂျင်ဆိုတာအသားရေအတွက်၊ခန္ဓာကိုယ်အတွက်ကောင်းတယ်ဆိုတာသိထားကြပေမဲ့ ကိုလာဂျင်ဘယ်လိုအလုပ်လုပ်တယ်၊ဘယ်လိုဓါတ်သတ္တိမျိုးလဲဆိုတာသေချာမသိပဲ သုံးနေကြတဲ့လူတွေလည်းများမယ်ထင်ပါတယ်😊

💁‍♀️ကိုလာဂျင်ရဲ့ထူးခြားချက်၊အလုပ်လုပ်ပုံကိုသိထားရင်ပိုပြီးအကျိုးရှိရှိသုံးစွဲလို့ရတာပေါ့နော်..

ဒါကြောင့်… ကိုလာဂျင်နှင့်ပတ်သက်တဲ့အခြေခံလေးတွေကို သိရအောင်မျှဝေပေးခြင်းပါ🤔

Okay! Let`s get start!!😊

🌸တကယ်တော့ ကိုလာဂျင်ဆိုတာပရိုတိန်းဓါတ်တမျိုးပါ…ပရိုတိန်းဆိုတာကတော့ ကာဘိုဟိုက်ဒရိုက်ဓါတ်၊အဆီဓါတ်တို့လိုမျိုး ခန္ဓာကိုယ်အတွက် အရေးကြီးဆုံးဓါတ်သုံးမျိုးထဲက တမျိုးဖြစ်ပါတယ်..

🌸လူ့ခန္ဓာကိုယ်ထဲမှာရှိတဲ့ ပရိုတိန်းရဲ့ 30%လောက်က ကိုလာဂျင်ဖြစ်ပါတယ်..

🌸ကိုလာဂျင်ဆိုတာနှင့်ကျမတို့တွေပြေးမြင်မိကြမှာက ကျမတို့မျက်နှာအသားအရည်လို့ထင်ပါတယ်…တကယ်တော့ ခန္ဓာကိုယ်အသားရည်(အရေခွံ)အားလုံးရဲ့ 70%နကကိုလာဂျင်နှင့်ဖွဲ့စည်းထားခြင်းဖြစ်ပါတယ်…ထပ်ရှင်းမယ်နော်…😊💁‍♀️

👉အရေခွံရဲ့ကိုလာဂျင်မော်လီကျူးလေးတွေနှင့်အမိုင်နိုအက်ဆစ်ကပေါင်းစည်းပြီးဖြစ်ပေါ်လာတဲ့ကွင်းလေးတွေကသုံးကွင်းထပ်ပြီးတော့ အသားရေတင်းရင်းပြီးစိုပြေမှုကိုပေးထားခြင်းဖြစ်ပါတယ်…

👉ကိုလာဂျင်ဆိုတာခန္ဓာကိုယ်ရဲ့နေရာအနှံ့မှာရှိပါတယ်💡

👉အရိုးနှင့်သွေးကြောတွေဟာလည်းကိုလာဂျင်အများကြီးနှင့်ဖွဲ့စည်းထားတာပါ…

💡💁‍♀️ဥပမာ…ကိုယ်အလေးချိန် 53Kgရှိတဲ့ ပုံမှန်အမျိုးသမီးတယောက်ဆိုရင် ခန္ဓာကိုယ်ထဲရှိတဲ့ကိုလာဂျင်က 3Kg ဝန်းကျင်ရှိပါတယ်…ဒါဟာရေ ၁လီတာပုလင်း ၃ပုလင်းနှင့်ညီမျှပါတယ်…💁‍♀️☺️

👉အသက်ကြီးသူတွေအဖြစ်များတဲ့ အရိုးပွရောဂါဆိုတာလည်း ကယ်လစီယမ်ဓါတ်တမျိုးတည်းမလုံလောက်လို့ဖြစ်တာမဟုတ်ပဲ ကိုယ်ထဲရှိတဲ့ကိုလာဂျင်ပမာဏလျှော့ကျသွားတာကလည်းဆက်စပ်နေပါတယ်…

👉နောက်ပြီးတော့ကိုလာဂျင်ဟာ အရိုးရဲ့ကြွတ်ဆတ်မှုကိုထိန်းထားပေးတဲ့အတွက် အရိုးကျိုးလွယ်ခြင်းကိုလည်းကာကွယ်ပေးပါတယ်…

💡ဒါကြောင့်ကိုလာဂျင်ဆိုတာ အသားရေစိုပြေလှပမှုတခုတည်းအတွက်မဟုတ်ပဲခန္ဓာကိုယ်နေရာတိုင်းအတွက်ပြည့်ဝဖို့လိုအပ်ပါတယ်…

👉ခန္ဓာကိုယ်ထဲမှာကိုလာဂျင်အမျိုးပေါင်း ၂၉မျိုးရှိပြီး အဲဒီထဲကမှ ၉မျိုးကအသားရေထဲမှာပါဝင်နေတာပါ…အဲဒီ ၉မျိုးထဲကမှ ၃မျိုးဖြစ်တဲ့

💡Ⅰ အမျိုးအစား

💡Ⅳအမျိုးအစား

💡Ⅶအမျိုးအစား ကိုလာဂျင်ကမှ အသားရေတင်းရင်းစိုပြေမှုအတွက်အရေးကြီဆုံးဖြစ်ပါတယ်…💁‍♀️🌸

👉ကိုလာဂျင်ဟာ အသက်ကြီ:လာတာနှင့်အမျှဆုတ်လျှော့သွားပြီး၊ခန္ဓာကိုယ်ထဲမှာအဟာရကနေသဘာဝအတိုင်ထုတ်လုပ်မှုဟာလည်းလျှော့ကျသွားပါတယ်…💁‍♀️

💡ကိုလာဂျင်လျှော့နည်းလာလျှင် အသားရေ အရေးအကြောင်းတွေများလာပြီး လျှော့တွဲကျလာမှုတွေများလာပါတယ်…အိုမင်းရင့်ရော်မှုဇရာလည်းစောစောစီးစီးရောက်လာမှာပါ…😩😥

👉ကိုလာဂျင်ကိုခန္ဓာကိုယ်ထဲမှာထုတ်လုပ်မှုအတွက် အရေးပါတာကတော့ ဘီတာမင်စီဖြစ်ပါတယ်…💡

👉ကိုလာဂျင်ဟာတနေ့ကို ၅ဂရမ်ဆိုလုံလောက်စေပါတယ်၊ဒါဟာနေ့စဉ်အစားအသောက်တွေမှာ ဆိုရင်တော့ အမဲသားအရွတ် ၁၀၀ ဂရမ်၊ကြက်တောင်ပံ ၃၃၅ဂရမ်၊ ငါ:ဆိုရင် ၅၀၀ဂရမ်လောက်စားသုံးပေးရမှာဖြစ်ပါတယ်….ဒါတွေကိုစားဖို့က တကယ်တော့မလွယ်ပါဘူး…😥

👉ဒါကြောင့် ဖြည့်စွက်အာဟာရဖြစ်တဲ့ ကိုလာဂျင် Powder,Supplement နှင့် Drink ပုလင်းတွေကို စနစ်တကျသုံးစွဲသင့်ပါတယ်…

😊😊💁‍♀️ကိုလာဂျင် Powder နှင့် Drink တွေမှာယူလိုပါက ကျွန်မတို့ရဲ့ SANA ပေ့ချ်မှာလည်းမေးမြန်းလို့ရပါတယ်…ကျေးဇူးတင်ပါတယ်ရှင့်🌸🌸🌸

အားလုံး ပိုမိုလှပသောနေ့ရက်တွေပိုင်ဆိုင်ကြပါစေရှင့်🙏🙏🙏🌸🌸🌸

#JapanProductsbySana

#collagen